ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းခြင်း (၂၀၁၉-၂၀၂၀ ပညာသင်နှစ်)

မြန် မာသက္ကရာဇ် ၁၃၈၂ ခု ဒုတိယဝါဆိုလဆုတ်(၁၀)ရက် ကြာသပတေးနေ့၊ ခရစ်နှစ်၂၀၂၀ခုနစ်၊ ဩဂုတ်လ (၁၃) ရက်နေ့ နံနက်ပိုင်းတွင် ကျိုင်းတုံပညာရေး ဒီဂရီကောလိပ်၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ဝါဆိုသင်္ကန်းဆပ်ကပ် လှူဒါန်းခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ရာ သံဃာတော်ငါးပါးပင့်ဖိတ်၍ နေ့ဆွမ်းကပ်လှူခြင်း၊ သင်္ကန်း၊ ထီး၊ ဖိနပ်နှင့်တကွ လှူဖွယ်ဝတ္တုများကပ် လှူပူဇော်ခဲ့ကြသည်။ ကျိုင်းတုံပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ဆရာမများ၊ ဝန်ထမ်းများနှင့် ဧည့်သည်တော်များအား ဆရာတော်ဘုရားမှ တရားချီးမြှင့် ဟောကြား တော်မူခဲ့သည်။ ထို့နောက် လှူဖွယ်ဝတ္ထုများ ဆပ်ကပ်လှူဒါန်းခြင်း၊ နေ့ဆွမ်း ကပ်လှူခြင်းနှင့် ဧည့်သည်တော်များအား နေ့လည်စာတည်ခင်းဧည့်ခံ ကျွေးမွေး ခြင်းတို့ဖြင့် အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်