သင်ကြားရေးဌာနများ

ကျိုင်းတုံပညာရေးကောလိပ်ကိုပညာရေးဒီဂရီကောလိပ်သို့ အဆင့်မြှင့်တင်ထားသော်လည်း စက်မှုလက်မှုသိပ္ပံ၊ အိမ်တွင်းမှုသိပ္ပံ၊ ဂီတအနုပညာ စသည်ဖြင့် ဆရာအတတ်ပညာ ရှင်များ မရှိသောဘာသာရပ်များလည်းရှိသည်။ ထို့ကြောင့်ပင် အခြားဘာသာရပ်မှ ဆရာ ၊ ဆရာမများက ၎င်းဘာသာရပ်များကို ကူညီ သင်ကြားပေးသည်။ ကျိုင်းတုံပညာရေး ဒီဂရီကောလိပ်ကို ၂၀၂၀ စက်တင်ဘာ(၁)ရက်နေ့တွင် ပညာရေးဒီဂရီကောလိပ်သို့ အဆင့်တိုးမြှင့်ခဲ့သည်။ ကျောင်းဖွဲ့စည်းပုံ အသစ်၏သင်ရိုးညွှန်းတမ်းသစ်တွင်ဌာနကြီး (၉) ခုရှိသည်။ ၎င်းတို့မှာ-

  • ပညာရေးဌာန
  • သင်ကြားနည်း၊ လက်တွေ့တန်းပြဆင်းခြင်းနှင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဌာန၊
  • မြန်မာစာဌာန
  • အင်္ဂလိပ်စာဌာန
  • သင်္ချာဌာန
  • သိပ္ပံဌာန
  • လူမှုရေးပညာဌာန
  • ဒေသဆိုင်ရာသင်ရိုးညွှန်းတမ်းဌာန
  • အနုပညာဌာန