စီမံခန့်ခွဲရေးဌာနများ

ကျိုင်းတုံပညာရေးဒီဂရီကောလိပ်တွင် ဘဏ္ဏာရေးနှင့်စီမံရေးရာ ဝန်ထမ်းများအနေဖြင့် ဦးစီးအရာရှိ၊ ဒုတိယ ဦးစီးမှူး၊ ရုံးအုပ်ကြီး၊ အကြီးတန်းစာ‌ရေး၊ အငယ်တန်းစာရေး၊ အထွေထွေအလုပ်သမားများ မရှိပေ။  အလားတူစွာ မော်ကွန်းထိန်း၊ ကွန်ပျူတာလုပ်ဆောင် ရေးမှူးနှင့် ကျောင်းသားရေးရာ စာရင်းကိုင် အစရှိသော ကျောင်းသာရေးရာဌာနဆိုင်ရာ ဝန်ထမ်းများလည်းမရှိပေ။  ထို့ကြောင့် ကျောင်းသားရေးရာဌာနနှင့် စီမံဌာနသည် အခြား ပညာရေးဒီဂရီကောလိပ်များနှင့် နှိုင်းယှဉ်လျှင် ဝန်ထမ်းအင်အားမရှိပါ။ ရလဒ်အနေဖြင့်ကျောင်းအုပ်၊ ဒု-ကျောင်းအုပ် နှင့် ဌာနမှူးများက အဓိကအားဖြင့် ကျိုင်းတုံ ပညာရေးဒီဂရီကောလိပ်ကို စီမံခန့်ခွဲရန် ဦးဆောင်နေသည်။သန့်ရှင်းရေးနှင့် အထွေထွေ လုပ်ငန်းများအတွက် ယာယီဝန်ထမ်းများ ခန့်ထားပြီးဖြစ်သော်လည်း ကောလိပ် တစ်ခုလုံး အတွက် စာရင်းကိုင်ရာထူးတွင် အမြဲတမ်း ဝန်ထမ်းအဖြစ် အမျိုးသမီးဝန်ထမ်းတစ်ဦးသာရှိသည်။